~ Merry Christmas! ~

Let’s Send Mail to Santa Claus, North Pole!

Posted on: December 22, 2008

northpole

ခရစ်စမတ် ကာလမှာ…ဒါမှမဟုတ် ခရစ်စမတ်နေ့မှာ ပျော်စရာတွေ ဖန်တီးပြီး ပျော်ပျော်နေရအောင် ထူးထူးခြားခြားလေး ရှာဖွေတင်ဆက်လိုက်ရပါတယ်…။

အခုပြောမယ့် အကြောင်းအရာကတော့ မြောက်ဝင်ရိုးစွန်းမှာ ခရစ်စမမတ် ဘိုးဘိုးကြီး ရှိနေတယ်လို့ ယုံကြည်ကြတဲ့ လူတွေအတွက် ပျော်စရာလေးတစ်ခုပါ…

Internet ပေါ်ကနေတဆင့် www.northpole.com/Mailroom/ ကို သွားပါ…။

အထက်ပါပုံလေးမှာ စာပို့သမားကြီး တစ်ဦး အလုပ်ရှုပ်နေတာကို မြင်ကြရပါလိမ့်မယ်…။ သူ့ကိုက Bif လို့ခေါ်ပါတယ်…။ ပုံပေါ်မှာ ထောက်ကြည့်ရင်တော့ Send postcards, Send a Letter to Santa, Santa Letter Pick- Up နဲ့ postcard Pick-up တို့ဟာ လှုပ်လှုပ်ရှားရှား ဖြစ်လာတာကို တွေ့ရမှာပါ….။

တစ်ခုချင်းစီ သုံးကြည့်ရအောင်….။

Send postcards ဟာ ကိုယ့်သူငယ်ချင်းတစ်ယောက်ဆီကို Printable လုပ်လို့ရတဲ့ Postcard တစ်စောင်ကို Email လိပ်စာကနေ တစ်ဆင့် ပို့ရတာပါ….။ ကိုယ်ကြိုက်တဲ့ Postcard Design ရွေးချယ်ပြီး ကိုယ်ပို့ချင်တဲ့ သူငယ်ချင်း Email Address အများဆုံး ၁၀ ခုထိ ရိုက်ထည့်ပြီးပို့လို့ ရသလို ကိုယ့်ပြောချင်တဲ့စကားလုံးပေါင် ၆၈ လုံး ကို Postcard ပေါ်မှာ ရိုက်ထည့်ပေးနိုင်ပါတယ်…။ နောက်ပြီးရင်တော့ အောင်မြင်စွာပို့လို့ရပါပြီ….။

Send a Letter to Santa ကတော့ ခရစ္စမတ် ဘိုးဘိုးကြီးဟာ ကလေးတွေ၊ လူငယ်လေးတွေဟာ ဆိုးကြလား လိမ္မာကြလား..သူတို့ ခရစ္စမတ်နေ့မှာ ဘာလက်ဆောင်တွေလိုချင်ကြလဲဆိုတာကို စိတ်ဝင်စားပါတယ်…သူတို့လေးတွေရဲ့ ရင်ဖွင့်သံကိုလည်း နားထောင်ချင်သေးတယ်တဲ့ဗျား…။ ဒါကြောင့် သင် လိုချင်တဲ့ အကြောင်းအရာတွေ၊ ဆန္ဒတွေ၊ သဘောထားတွေ စတာတွေကို ရေးသားဖော်ပြလို့ရပါတယ်…။ အသုံးပြုပုံကလည်း ရိုးရှင်းတာမို့ အထူးအထွေ ပြောစရာမလိုတော့ပါဘူး…။ သင့်မှာ Email address တစ်ခုနဲ့ password တစ်ခုကို နှစ်ခါပြန် မှန်အောင် ရိုက်နိုင်ရင် စာပို့လို့ရပါပြီ…။ ခရစ္စမတ် ဘိုးဘိုးကြီးကတော့ သင့်စာကို နှစ်ရက်ကြာမှ စာပြန်ပါလိမ့်မယ်…။

Santa Letter Pick-Up မှာတော့ အစောပိုင်းက သင် ရိုက်ထည့်ခဲ့တဲ့ Email Address နဲ့ Password ကို ပြန်ရိုက်ထည့်လိုက်တာနဲ့ ခရစ္စမတ်ဘိုးဘိုးကြီးက ပြန်ထားတဲ့ စာကို ဖတ်လို့ရမှာပါ…။

Postcard Pick-up ကတော့ အကယ်၍ သင့် သူငယ်ချင်း တစ်ယောက်က သင့်လိုပဲ ဒီ www.northpole.com က Mail room ကို သုံးပြီး သင့်ထံကို Postcard ပို့ထားတယ်ဆိုရင် သင်က ဒီ postcard Pick Up ကို သုံးပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်…။ ဒါအပြင် သင်ဟာ www.northpole.com မှာ Sign Up လုပ်ထားမယ်ဆိုရင်တော့ သင့်ထံကို ခရစ္စမတ် ဘိုးဘိုးကြီးက သင့်မွေးနေ့တိုင်းမှာ မွေးနေ့လက်ဆောင် Postcard လေးတွေ ပို့နေဦးမှာပါ…။

www.northpole.com မှာ အခြား အကြောင်းအရာတွေနဲ့ ပတ်သက်တာရှိပါသေးတယ်…။ ဒါပေမယ့် ယခု ဖော်ပြပါ အကြောင်းအရာလောက် စိတ်ဝင်စားစရာ မကောင်းလို့ မဖော်ပြပေးရတာပါ…။

Have a very Merry Christmas!

Admin of ~ A Merry Christmas ~ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Special Merry Christmas Songs!

%d bloggers like this: