~ Merry Christmas! ~

Why JESUS is Better Than Santa

Posted on: December 24, 2008

jesus.jpg

santa1 Santa Claus ဟာ မြောက်ဝင်ရိုးစွန်းမှာပဲ နေနိုင်တယ်…

ဘုရားသခင်ကတော့ နေရာတိုင်းမှာ ရှိတယ်

Santa Claus ကတော့ လူမသိသူမသိပဲ အိမ်ထဲ ရောက်ရောက်လာတတ်တယ်…။

ဘုရားသခင်ကတော့ သင်အလိုရှိတဲ့အခါတိုင်း သင့်နှလုံးသားရဲ့ တံခါးကို ခေါက်ပြီး နူးညံ့စွာ ၀င်လာတတ်တယ်…။

Santa Clausကို သင်တွေ့ချင်သပါ့ဆိုရင်တော့ စောင့်ရလိမ့်မယ်…။

ဘုရားသခင်ကတော့ သင်နဲ့ အနီးဆုံးနေရာမှာ အမြဲတမ်းရှိနေတယ်..။

Santa Claus က သင့်ကို သူ့ပေါင်ပေါ်မှာပဲ ထိုင်ခွင့်ပြုတယ်…

ဘုရားသခင်ကတော့ သူ့ရဲ့ လက်မောင်းပေါ်မှာ ခိုနားခွင့်ပြုတယ်…။

Santa Claus ဟာ သင့်နာမည်ကို မသိရှာဘူး…။ သူ ခေါ်တဲ့နာမည်တွေက “Hi, Little boy or Girl, What’s your name?” လို့တောင် ပြန်မေးလေ့ရှိတယ်…။

ဘုရားသခင်ကတော့ သင့်နာမည်ကို သင်မပြောသေးခင်ကကို ကြိုသိနေတယ်…။ သင့်နာမည်ကို သိရုံတင်မကဘူး…သင်နေတဲ့ နေရာကိုလည်း သိနေတယ်လေ…။ သူဟာ သင့်ရဲ့ အတိတ်သမိုင်းကြောင်းတွေ၊ သင့်ရဲ့ အနာဂတ်တွေ၊ အလွန်ဆုံး သင့် ဆံပင်ပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်းရှိလဲ ဆိုတာကိုက အစ သိနေတယ်လေ…။

………….

Santa Claus မှာ ဂျယ်လီလို ပြည့်ဖောင်းနေတဲ့ ဗိုက်ပူပူကြီး ရှိတယ်…။

ဘုရားသခင်ထံမှာတော့ နူးညံ့တဲ့ ချစ်ခင်သနားကြင်နာတတ်တဲ့ နှလုံးသားရှိတယ်လေ…။

Santa Claus အားလုံးဟာ “Ho Ho Ho” ဆိုတဲ့ အသံပဲ ထွက်တတ်တယ်…။

ဘုရားသခင်ထံကတော့ မျှော်လင့်ခြင်း၊ ကူညီခြင်းနဲ့ ကျန်းမာရေးတွေကို ပေးစွမ်းနိုင်တယ်…။

Santa Claus က “မင်း မငိုပါနဲ့ကွယ်” လို့ပဲ ပြောတတ်တယ်…။

ဘုရားသခင်ကတော့ “မင်း ငါ့ကိုသာ အမြဲအမှတ်ရနေပါကွယ်…။ ငါအမြဲမင်းကို ဂရုစိုက်ပါ့မယ်” ဆိုတဲ့ ယုံကြည်ချက်ကို မွေးဖွားပေးနိုင်တယ်…။

Santa Claus မှာ အရုပ်လေးတွေလုပ်ဖို့အတွက် အလုပ်သမားသေးသေးလေးတွေ (မှင်စာလေးတွေ) ရှိတယ်..။

ဘုရားသခင်ကတော့ ဒဏ်ရာရနေတဲ့ နှလုံးသားတွေ…. ပျက်ပြားနေတဲ့ စိတ်ဓာတ်ရေးရာတွေနဲ့… ကို ပြင်ဆင်ပေးဖို့၊ ဘ၀သစ်တစ်ခု တည်ထောင်ပေးဖို့ အမြဲ အဆင်သင့်ရှိနေတယ်…။

Santa Claus ဟာ “ပြုံးနေတတ်တဲ့ အဘိုးအိုကြီး တစ်ယောက်သာ” ဖြစ်တယ်..။

ဘုရားသခင်ကတော့ အမြဲရှင်သန်နေတဲ့ ဘုရင်ကြီးတစ်ပါးပေါ့…။

Santa Claus ဟာ သင့်ကို အားရပါရရယ်အောင် လုပ်ပေးကောင်း လုပ်ပေးနိုင်တယ်…။

ဘုရားသခင်ကတော့ သင့်အတွက် စွမ်းအားဖြစ်စေမယ့် ပျော်ရွှင်ကြည်နူးမှုကို သာ ပေးစွမ်းတယ်…။

Santa Claus က သင့်ကို လက်ဆောင်ပစ္စည်းတွေ သစ်ပင် အောက်တွေမှာချပြီး လိုက်ပေးနေတုံး…………………

……………………….

…………………………………

………………………………………….

ဘုရားသခင်သည် ကျွန်ုပ်တို့ဧ။် လက်ဆောင်တစ်ခုအနေအဖြစ်….သစ်ပင်ပေါ်မှာပဲ သေဆုံးခဲ့ရတယ်…။

We Just Believe in “God”!

“God means Love”!

Daisy Elsa

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Special Merry Christmas Songs!

%d bloggers like this: