ကိုယ်ဟာ ခရစ္စမတ်ရဲ့ အဆင်တန်ဆာ…။
Posted December 24, 2008
on:ကိုယ်ဟာ ခရစ္စမတ်ရဲ့ ဘယ်လို အဆင်တန်ဆာလေးလဲ………….။
သိချင်ရင် အောက်ပါ ဥာဏ်စမ်းတွေကို ဖြေကြည့်လိုက်ပါ..။
ထုံးစံအတိုင်း ခရစ္စမတ် အကြိုညကို ဘယ်လိုကုန်ဆုံးမလဲ…။
(က) ကံသိပ်ကောင်းဖို့ ခရစ္စမတ် အကြိုသီချင်းဆိုလား။
(ခ) မိသားစု တွေ့ဆုံကြသလား။
(ဂ) ရင်းနှီးတဲ့ မိတ်ဆွေးတွေနဲ့ ရင်ချင်းအပ်၊ နှလုံးသားချင်းထပ်ပြီး စကားပြောသလား။
(ဃ) ခရစ္စမတ်ပွဲ အလေးအနက်ကျင်းပတဲ့ လူတွေကို စိတ်ပျက်နေသလား။
သင်ဟာ ဘယ်အချိန်မှာ အပျော်ဆုံးလဲ…………..။
(က) ကိုယ့်ဘာသာ ကိုယ် ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့ အချိန်။
(ခ) သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူရှိနေတဲ့ အချိန်။
(ဂ) တစ်ဦးတစ်ယောက်ရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးရတဲ့ အချိန်။
(ဃ) တစ်ကိုယ်တည်းရှိနေတဲ့ အချိန်။
လှို့ဝှက်ချက်ကို ကောင်းကောင်းထိန်းသိမ်းထားလား…..။
(က) တစ်ခါတစ်ရံ သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ကို ပြောမိတယ်။
(ခ) အမှတ်တမဲ့နှုတ်ကထွက်လေ့ရှိတယ်။
(ဂ) တန်ဖိုးရှိလှတဲ့ လှို့ဝှက်ချက်ဆိုရင် မပြောဘူး။
(ဃ) နှုတ်ခမ်းကို အပ်နဲ့ ချုပ်ထားမယ်။ ဘယ်သူ့ကိုမှ မပြောဘူး။
ဓာတ်ပုံအရိုက်ခံတာ ၀ါသနာပါလား…………..။
(က) ဓာတ်ပုံထဲပါရတာ သဘောကျတယ်။
(ခ) ဟုတ်ကဲ့…။ အထူးသဖြင့် မိသားစုဓာတ်ပုံရိုက်တဲ့အခါမှာပေါ့။
(ဂ) သိပ်အမှုမထားဘူး။
(ဃ) ဓာတ်ပုံအရိုက်မခံချင်ဘူး မုန်းတယ်။
တစ်ယောက်က ဒေါသဖြစ်အောင် စရင် ဘာလုပ်မလဲ………။
(က) ကျွန်မက စိတ်ဆိုးခဲပါတယ်။
(ခ) မသိသလို နေလိုက်မယ်။
(ဂ) သည်းခံနိုင်အောင် ကြိုးစားမယ်။ သူတို့က တကယ်စတာမှ မဟုတ်တာ။
(ဃ) စတဲ့လူတွေကို ပက်ခနဲ့ ပြန်ပြောလိုက်မယ်။
တစ်ခုခုလုပ်တာ၊ ပြောတာမှားသွားရင် ဘာလုပ်မလဲ………………။
(က) အမှန်အတိုင်းပြောပြီး ရိုးရိုးသားသားဝန်ခံမယ်။
(ခ) ကိုယ့်တာဝန်မဖြစ်အောင် ကြိုးစား ရှောင်တိမ်းမယ်။
(ဂ) တစ်ယောက်ယောက်ကမေးလာတဲ့ အထိစောင့်ပြီး အမှန်အတိုင်း ပြောမယ်။
(ဃ) ရဲရဲဝံ့ဝံ့ အမှားကို ၀န်ခံမယ်။
သူငယ်ချင်း ဘယ်လောက်များများရှိသလဲ………………..။
(က) အမြဲတမ်းတော့ သူငယ်ချင်းတွေ ၀ိုင်းဝိုင်းလည်နေတာပဲ။
(ခ) အများကြီးပဲ ဒါပေမယ့် ကောင်းတဲ့ သူငယ်ချင်း နည်းတယ်။
(ဂ) တကယ့်ကို အံ့သြလောက်အောင် တစ်ယောက်ပဲရှိတယ်…….။
(ဃ) ရှားရှားပါပါး သူငယ်ချင်းကောင်း နှစ်ယောက်ပဲ ရှိတယ်။
ရွေးတဲ့ အဖြေက (က) များရင်……………
သင်ဟာ …. ခရစ္စမတ် နတ်သမီးလေးပေါ့… ။ အဲဒီခရစ္စမတ် နတ်သမီးလေးလိုပဲ သင်ဟာ အမြဲတမ်း ညှို့ယူဖမ်းစာမှုရဲ့ ဗဟိုချက်မဖြစ်မယ်။ သင့်ဝန်းကျင်မှာ လူတွေဝိုင်းအုံနေကြလိမ့်မယ်။ သင့်ရဲ့အလှ၊ သင့်ရဲ့ တည်ငြိမ်အေးချမ်းမှုကို နှစ်သက်ချစ်မြတ်နိုးနေမယ်…။ သင်ကလည်း ငြိမ်းချမ်းမှု၊ ပျော်ရွှင်ချမ်းမြေ့မှုကို သူတို့အတွက် သယ်ဆောင်လာခဲ့မှ ဖြစ်မယ်နော်..။
ရွေးတဲ့ အဖြေဟာ (ခ) များရင် ……………
သင်ဟာ …… ခရစ္စမတ် ဘောလုံးလေးပေါ့…. ။ ခရစ္စမတ် ဘောလုံးလေးချိတ်ဆွဲထားသလို သင်ကလည်း လူအများရှိတဲ့ နေရာမှာ “မေတ္တာ” ကို ချိတ်ဆွဲပြသရမယ်။ အေးအေးဆေးဆေးနဲ့ ပျံ့လွင့်စိတ် အနည်းငယ်လောက်ရှိတဲ့ သင်ဟာ မိသားစုနဲ့ အတူ အချိန်ကုန်ရတာကို ကြိုက်တယ်။ ခရစ္စမတ်အခါသမယဟာ သင်အနှစ်သက်ဆုံး အားလပ်ရက်အချိန်လေးပေါ့။
ရွေးတဲ့အဖြေက (ဂ) များရင်……………….
သင်ဟာ…….. ခရစ္စမတ် မီးတိုင်လေးပေါ့။ ခရစ္စမတ်မီးတိုင်လေးလိုပဲ သင်ဟာ နွေးထွေးပျော်ရွှင်နေတတ်ပြီး သင့်ပတ်ဝန်းကျင်ရှိလူသားတွေရဲ့ ဘ၀အထွေထွေကို တောက်ပစေတဲ့သူလည်း ဖြစ်မယ်။ သင့်က အကောင်းမြင် အတွေးအမြင်တွေက လူသားအားလုံးကို ထာဝရလင်းလက်စေတဲ့အတွက် သူတို့ပြဿနာရှိတဲ့ အချိန်မှာ သူတို့နဲ့ အတူသွား အတူဖြေရှင်းပေးရသူဖြစ်မေယ်။ သူတို့နဲ့ လက်တွဲမဖြုတ်သူဖြစ်နေမယ်။
ရွေးတဲ့အဖြေက (ဃ)များရင် …………………..
သင်ဟာ…………… အမြဲစိမ်းခရစ္စမတ် Holly ပင်ပေါ့။ ဆူးများတဲ့ ခရစ္စမတ် Holly ပင်လေးလိုပဲ။ သင်ဟာ ကျွဲမြီးတိုတတ်တယ်။ လူတွေက သင့်အမှားအယွင်းကို ထောက်ရင် သူတို့ကို သင်က ပြန်ပက်တတ်တယ်။ ကျွဲမြီးတိုတတ်သူဖြစ်ပေမယ့် သင်ဟာ အားထားရလောက်တဲ့ မိတ်ဆွေတစ်ယောက်၊ သင့်ကို ဖွင့်ချတဲ့ ဘယ်လိုလှို့ဝှက်ချက်ကိုမဆို အန္တရာယ်ကင်းကင်း ထိန်းထားနိုင်ခြေမှာရှိတယ်။
I think, you’ll be satisfied on this pool!
Zay Yar Nay Min
Leave a comment